Doh Athan - Our Voice cover

Doh Athan - Our Voice

Doh Athan - Our Voice

မင်္ဂလာပါ ။ Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။ ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။ Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.

မင်္ဂလာပါ ။ Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။ ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။ Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.

Double jeopardy: Sagaing IDPs devastated by flooding Episode: 405

0:00 0:00

剧集

Double jeopardy: Sagaing IDPs devastated by flooding Episode: 405 30 Oct 2026

Residents of Sagaing Region who had already fled their homes because of Myanmar’s civil war have faced additional hardship since August, when flooding swept away their temporary shelters and forced them to once again struggle to rebuild their lives.

မိုင်းဒဏ်သင့် ဖခင်တယောက်ရဲ့ ပူပင်သောက - Profile Vodcast 22 Oct 2026

“သူတို့ ပညာရေးက ဘယ်လို လာမလဲတော့ ကိုယ်က မမှန်းနိုင်သေးဘူး။ ဘဝ အနာဂတ်က ဘယ်လို ဖြစ်သွားမလဲဆိုတာလည်း မပြောတတ်သေးဘူးပေါ့နော်။” စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ်နဲ့အတူ အခြားပဋိပက္ခဒေသတွေလိုပဲ ကရင်နီပြည်နယ် တစ်ဝန်းမှာလည်း မြေမြှုပ်မိုင်းအန္တရာယ်က ဒေသခံတွေကို ကြီးကြီးမားမား ခြိမ်းခြောက်နေပါတယ်။ အထူးသဖြင့် အရပ်သားတွေ မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး နေ့စဉ် မိသားစု စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးဖို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ဒီတစ်ပတ် ပေါ့ကတ်စ် အစီအစဉ်မှာတော့ စစ်ဘေးရှောင်ဘဝနဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေရင်း မိုင်းထိခဲ့ရလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ ဖခင်တစ်ဦးရဲ့ သားသမီးတွေ ပညာရေးအတွက် စိုးရိမ်ပူပန်နေရတဲ့အကြောင်းကို တင်ဆက်ပေးသွားပါမယ်။

ရေဘေးအလွန် အညာဒေသစစ်ရှောင်တို့ဘဝ Episode :405 16 Oct 2026

“လူပြည်မှာ မနေချင်လောက်အောင်ကို အခက်အခဲတွေ ကြုံရတာ၊ ကြာလာတော့ သေသွားတဲ့သူတွေကမှ အေးတာပဲဆိုပြီး သေတဲ့လူတွေနောက်သာ လိုက်သွားချင်တော့တယ် ဆိုတဲ့ အတွေးတွေချည်းပါပဲ” “ဒါက တစ်ပူပေါ် နှစ်ပူဆင့်ရုံတင်မကဘဲ၊ နှစ်ပူ သုံးပူလောက်ကို ဆင့်သွားတဲ့ အခက်အခဲဒုက္ခမျိုးလို့ ပြောလို့ရပါတယ်။ ရေကျသွားပြီဟေ့၊ ကိုယ့်အိမ်ကိုယ် ပြန်လို့ရပြီဟေ့ ဆိုတာမျိုးက ရွာတိုင်းအတွက် မဖြစ်နိုင်တော့ဘူးလေ” ပြီးခဲ့တဲ့ ဩဂုတ်လက အထက်မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး စစ်အာဏာပိုင်တွေက သဖန်းဆိပ်ဆည်ကနေ ကြိုတင်အသိမပေးဘဲ ရေလွှတ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရေဘေးဒဏ် သင့်ခဲ့ရပြန်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရေဘေးကြုံပြီးနောက် အညာမြေက တောထဲနဲ့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေရဲ့ ရုန်းကန်နေရတဲ့ ဘ၀တွေအကြောင်းကို တင်ဆက်ပေးမှာပါ။

အမေ့လျော့ခံ ကလေးငယ်များပညာရေး ကွက်လပ်ဖြည့်ကြသူများ Episode: 404 07 Oct 2026

စစ်ဘေးနဲ့ စီးပွားပျက်ကပ်ကြား အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ် သန်းနဲ့ချီပြီး ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရပါတယ်။ ဒီလို စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း မိမိရင်သွေးတွေကို ပညာအမွေ ပေးနိုင်ဖို့ အခက်အခဲကြုံနေရတဲ့ မိသားစုတွေအတွက် လူငယ်တွေ ဦးစီးတဲ့ စာသင်ဝိုင်းလေးတွေ ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီလို မိသားစုတွေရဲ့ ရုန်းကန်ရမှုတွေနဲ့ ကလေးတွေရဲ့ ပညာရေးကို ဖြည့်ဆည်းပေးနေတဲ့ ရန်ကုန်မြို့က ကိုယ်ထူကိုယ်ထ စာသင်ဝိုင်းတွေအကြောင်း တင်ဆက်ပေးသွားမှာပါ။

From city to jungle: Yangon nurse opens clinic in war-torn Karenni State 28 Sep 2026

In the remote mountains of Karenni State, a small clinic called the Guest Karenni Dispensary provides essential healthcare to people who are unable to access bigger hospitals. One of its founders, CDM nurse Ko Nway Oo Marn, spoke with Doh Athan about his five-year journey to establish the clinic and bring medical care to hard-to-reach areas.

စစ်ဘေးဒဏ်သင့် တောင်တန်းတွေပေါ်က ကရင်နီဧည့်သည် ခရီးစဉ် 23 Sep 2026

ကရင်နီပြည်နယ်ရဲ့ ဝေးလံတဲ့တောင်ပေါ်ဒေသတွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကရင်နီဧည့်သည် ဆေးခန်းဆိုတဲ့ ဆေးပေးခန်းလေးရှိပါတယ်။ ဒီဆေးခန်းကို CDM သူနာပြု ကိုနွေဦးမာန်နဲ့ သူ့ရဲ့ပါတနာဖြစ်သူက စတင်တည်ထောင်ခဲ့တာပါ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊ လေကြောင်းအန္တရာယ်တွေကြားကနေ ပြည်သူတွေကိုဆေးကုသမှု လက်လှမ်းမှီစေဖို့ ကြိုးစားနေတဲ့ သူနာပြု ကိုနွေဦးမာန်ရဲ့ ငါးနှစ်တာ ဘဝဖြတ်သန်းရမှုတွေနဲ့ ကရင်နီတောတွင်းဆေးခန်း အကြောင်းကို ဒီတပတ်မှာ တင်ဆက်ပေးသွားမှာပါ။

သီပေါတံတားပိတ်ထားခြင်းနောက် မြစ်ကူးခရီးသည်တို့ကြုံရတဲ့ ဘေးဒုက္ခ Episode: 403 23 Sep 2026

ရှမ်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်သွယ်ရေး အတွက်အဓိကကျတဲ့ တံတားတစ်စင်းဖြစ်တဲ့ သီပေါတံတားကို စစ်တပ်ဘက်က ပိတ်ထားတာ အခုဆို ၁ နှစ်နီးပါး ရှိလာပါပြီ။ တံတားပိတ်ထားတာကြောင့် ခရီးသွားတွေဟာ တံတားအောက်နေ လှေတွေ ဖောင်တွေနဲ့ ဒုဋ္ဌဝတီမြစ်ကို ဖြတ်ပြီး နေ့စဉ်သွားလာနေရပါတယ်။ မိုးတွင်းကာလ မြစ်ဖြတ်ကူး ခရီးသွားရင်း အသက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီတံတားကို ပိတ်ထားတာကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ခရီးသွားလာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို ထိခိုက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ သီပေါတံတားပိတ်ထားတာကြောင့် ကြုံတွေ့နေရတဲ့ ရှမ်းမြောက်ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကိုတော့ ဒို့အသံနဲ့ မိတ်ဖက်မီဒီယာဖြစ်တဲ့ ရွှေဖီမြေတို့ ပူးပေါင်းတင်ဆက်ပေးထားပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရှမ်းမြောက် #သီပေါတံတား

Freedom restored? Readjusting to life after prison Episode: 401 12 Sep 2026

Female political prisoners in Myanmar suffer many difficulties while incarcerated, but being released also means facing new challenges, including readjusting to society, finding employment, and dealing with feelings of insecurity.

မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး Episode: 402 09 Sep 2026

"အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..." အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ လူမှုကူညီကယ်ဆယ်ရေး သမားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မှားယွင်းပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ ဒီတစ်ပတ်မှာတော့ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးသမားတွေ ကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေတွေ၊ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။

ထောင်တံခါးအလွန် - အမျိုးသမီးနိုင်ကျဥ်းဟောင်းတို့၏ ရုန်းကန်ရမှုများ Episode:401 02 Sep 2026

“ညဘက်အိပ်တဲ့အချိန်မှာ ထောင်ထဲကသူတွေကို အိပ်မက်မက်နေတုန်း။ မျက်လုံးပွင့်လာတဲ့အချိန် အိမ်က နံရံကိုမြင်မှ ထောင်မဟုတ်ပါလား ဆိုပြီး ပြန်သတိရရတဲ့ အချိန်ပေါ့။” အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာပြီးနောက်မှာလည်း ထောင်တံခါးပြင်ပမှာ သူတို့ဘဝကို ပြန်လည်အခြေချနိုင်ဖို့အရေး စိန်ခေါ်မှုအသစ် တွေကို ဆက်ပြီး ရင်ဆိုင်ကြရပါတယ်။ အကျဉ်းထောင်တွေထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ စိတ်မလုံခြုံမှုတွေကို ဆက်ပြီးခံစားနေကြရသလို တဆက်ထဲမှာလည်း ပြင်ပကမ္ဘာမှာ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်ရှာဖွေဖို့အရေး ရုန်းကန်နေကြရပါတယ်။

အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် Episode: 400 19 Aug 2026

ဒီတစ်ပတ်မှာတော့ 'ဒို့အသံ' ရဲ့ 400 မြောက် Episode အဖြစ် “အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန်” ဆိုတဲ့ Story Podcast ကို တင်ဆက်ပေးမှာပါ။ 'ဒို့အသံ' အနေနဲ့ Story Podcast တွေအပြင် Interview၊ Profile၊ Discussion Podcast တွေနဲ့ ရုပ်သံဗီဒီယိုတွေကိုပါ စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။ Episode 400 ဆိုတဲ့ ဒီခရီးရှည်ကြီးကို ရောက်ရှိအောင် အတူတူ လျှောက်လှမ်းပေးခဲ့ကြတဲ့ နားဆင်ကြည့်ရှုသူ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ “WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ” အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲကို စစ်ဘေးရှောင်လာကြသူတွေဟာ WFP ရဲ့ ထောက်ပံ့မှု ကို အဓိကမှီခိုအားထား နေရပါတယ်။ ဒေသခံတွေကိုယ်တိုင် စီးပွားရေးခက်ခဲနေပြီး ရုန်းကန်နေရချိန်မှာ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်ရရှိဖို့က ပိုလို့တောင် မလွယ်ကူပါဘူး။ စစ်ဘေးရှောင် အများစုဟာ ပန်းရံ၊ မြက်ရှင်း၊ အိမ်သာကျင်းတူး စတဲ့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေကြရပြီး အဲဒီလိုအလုပ်မျိုးတောင်မှ နေ့စဉ် ပုံမှန်မရကြပါဘူး။ ဒီလို ခက်ခဲနေတဲ့ အခြေအနေမှာ WFP ရဲ့ ထောက်ပံ့မှုတွေ ရပ်နားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။

Profile Podcast: ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက 06 Aug 2026

"အသိ မရှိတော့ဘူး။ နားတွေပင်း၊ မျက်စိတွေရဲသွားတယ်။ ကြောင်သွားတယ်။ ဘာကိုင်လို့ ကိုင်ရမယ်မှန်းမသိ။ အစက ကိုယ့်မိန်းမသေသွားတာတောင် မသိသေးဘူး။ နောက်တစ်ခေါက် နောက်ထပ်တစ်လုံးချဖို့ လာတော့ ပြေးရတာပဲ။ မဟုတ်ရင် ကျွန်တော်လဲ အဲ့နားမှာ သေမှာပဲ" ပြီးခဲ့တဲ့ ဇွန်လတတိယပတ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ(၈)ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့က စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ပထမအကြိမ် ကျောက်တော်မြို့ပေါ်ရှိ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာငါးခုကို တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ လမ်းမတော်ရွာအနီးတဝိုက်ကို ပေါင် (၅၀၀) ဗုံး (၄)လုံး၊ ပေါင် (၃၀၀) ဗုံး (၁)လုံးနဲ့ Rocket သီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။ လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေအပြင် လူနေအိမ်နဲ့ စျေးဆိုင်ခန်းအဆောက်အအုံ (၃၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီတစ်ပတ် ဒို့အသံ ပေါ့ကတ်စ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခံစားနေရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို တစ်ဦးတည်းသောသားငယ်လေးနဲ့ ချစ်ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ ဘုတ်မောင်းသမား ကိုစည်သူဟိန်းရဲ့ဘဝကနေတဆင့် တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရခိုင် #ကျောက်တော် #လေကြောင်းတိုက်ခိုက်မှု

ဖောချိ- ထောင်နံရံနောက်က မတ်တပ်မရပ်နိုင်တော့တဲ့နေ့ Episode: 399 29 Jul 2026

“သုံးခါဖောရင် ရှောတယ်” ဒီစကားက ထောင်ထဲမှာ မကြာခဏကြားနေကြ စကားဖြစ်ပါတယ်။ ထောင်တွင်းအကျဉ်းသားအများစုဖြစ်လေ့ရှိတဲ့ ဖောချိရောဂါနဲ့ ပတ်သက်ပြီး ပြောကြတာပါ။ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ဖောချိရောဂါဟာ အစာအဟာရလုံလောက်စွာ မစားရတဲ့အခါ ဗစ်တာမင် B1 ချို့တဲ့ပြီးဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ဖောချိရောဂါဖြစ်ပွားရင် အကျဉ်းထောင်ထဲမှာ မတ်တပ်တောင် မရပ်နိုင်တော့တဲ့အထိ ခြေထောက်တွေ အားမရှိတော့တာ၊ ခန္ဓာကိုယ်ဖောရောင်လာတာတွေရှိပြီး အိမ်သာသွားဖို့တောင် တခြားအကျဉ်းသားရဲ့ အကူအညီကို မှီခိုရပါတယ်။ ဒီရောဂါဟာ ကုသနိုင်တဲ့ရောဂါဖြစ်ပေမယ့် အချိန်မီမကုသရင် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ပတ် ဒို့အသံ Podcast မှာတော့ ဖောချိရောဂါကြုံတွေခဲ့ရတဲ့ အကျဉ်းသားတွေရှိခဲ့တဲ့ အကျဉ်းထောင်ဆီခေါ်ဆောင်သွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ဖောချိရောဂါ #အကျဥ်းသား #beriberi

ဘန်ကောက်မြို့လယ်က မောင့်မျက်ရည်ဝိုင်း 28 Jul 2026

🎶 ရယူပြီး ပြန်ပေးလိုက်ရတာရယ် မရထိုက်လို့ ကိုယ်ယူဆပါ့မယ်...🎵 ဒီစာသားလေးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က တိုက်ခန်းတစ်ခုရဲ့ ကက်ဆက်ကနေ လွင့်ပျံထွက်လာပါတယ်။ တိုက်ခန်းထဲမှာတော့ နာမည်‌ကျော် လူကြိုက်များတဲ့အခွေတွေအပြင် ရှားပါးအခွေတွေနဲ့အပြည့်ပါပဲ။ ဒီစုဆောင်းမှုရဲ့နောက်ကွယ်က မြန်မာလူငယ် တိတ်ခွေဝါသနာရှင် ကိုရှိန်မင်းကိုထံကို ဒီ podcast ကနေတစ်ဆင့် ခေါ်ဆောင်သွားမှာပါ။

တရားမျှတမှုမျှော်လင့်ဆဲ ကောင်းတပ်ရွာ ကြေမွသိုက်မြုံများ Episode: 398 24 Jul 2026

“အရင်တုန်းကပျော်စရာကောင်းတဲ့ ဒီပတ်ဝန်းကျင်တွေပေါ့။ အရင်လိုပျော်ပျော်ရွှင်ရွှင်နေဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ တချို့ကလည်းမနေချင်တော့ဘူးတဲ့၊ရွာပြောင်းမယ်၊ အဲဒီလိုမျိုးကြားရတာပေါ့နော်။” မေလ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က ကောင်းတပ်ရွာမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ရွာလုံးကို ရွာပျက်တစ်ခုသဖွယ် ပျက်စီးစေခဲ့ပြီး လူဆယ်ချီသေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ရပ်ဆိုးကြီးပြီး တစ်လကျော်ကြာချိန်မှာ ပြန်လည်ထူထောင်ရေးတွေ စတင်နေပါပြီ။ ဒါပေမယ့် ဆုံးရှုံးမှုကြီးမားခဲ့တဲ့ ကျန်ရစ်သူဒေသခံတွေအတွက် အိမ်အသစ်၊ ခေါင်မိုးအသစ်တွေဟာ ပျက်စီးသွားတဲ့ လူမှုအသိုက်အဝန်းနဲ့ စိတ်ဒဏ်ရာတွေကို ပြန်ကုစားနိုင်ပါ့မလားဆိုတာ မသေချာနေပါဘူး။ ဖြစ်ရပ်ဆိုးကြီး နောက်ကွယ်က အမှန်တရားနဲ့ တရားမျှတမှုကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ ရှင်သန်ကျန်ရစ်သူတွေ ပြောပြတဲ့ ကောင်းတပ်ရွာအကြောင်း ဒီတစ်ပတ်ဒို့အသံအစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

ခေတ်ဆိုးထဲက မိဘတို့ရဲ့ ပညာရေးအမွေပေးရေး သောက Episode :397 06 Jul 2026

ကလေးတစ်ယောက်က သူပညာတတ်ရင် သူ့ရွေးချယ်ခွင့် မြို့ပြ ကျောင်းမှာပဲနေနေ၊ NUG အစိုးရရဲ့ ပညာသင်ဌာနမှာသင်သင်၊ နိုင်ငံတကာ ကျောင်းတွေမှာ အင်တာနက်တွေက တဆင့် သင်သင်၊ဒါက သူ့ရဲ့ ရွေးချယ်ခွင့်လို့ ကျွန်တော်တို့က ရှုမြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေကြတဲ့ ကျောင်သားတွေကို အထူးအစီအစဉ်နဲ့ ကျောင်းပြန်တက်ရောက်နိုင်တယ်လို့ ဒီနှစ်စာသင်နှစ်မှာ စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် NUG ပညာရေးအောက်မှာ သင်ကြားနေကြတဲ့ အညာဒေသက ကျောင်းသားတချို့ စစ်ကော်မရှင်လက်အောက်ခံ စာသင်ကျောင်းတွေဆီကို ပြောင်းရွှေ့တက်ရောက်သွားကြတာတွေလည်း ရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းပြောင်းရွှေ့ကြတာကလည်း အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။ တော်လှန်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအကြား ကျောင်းပြောင်းရွှေ့ရေး မရွှေ့ရေး သဘောထားအမျိုးမျိုးကွဲပြားမှုတွေရှိလာပါတယ်။ ဒီတစ်ပတ်ရဲ့ ဒို့အသံအစီအစဉ်မှာ ကလေးပညာရေးအတွက် ကျောင်းသားမိဘတွေရဲ့ ရွေးချယ်မှု၊ စိုးရိမ်မှု စိတ်ခံစားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ဆက်ထားပါတယ်။

Sagaing ground situation 26 Jun 2026

ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲအပြီးမှာ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားခဲ့တဲ့ စစ်ကိုင်း-ကချင်အစပ်က ကသုံးလုံးဒေသလို့သိကြတဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင်ထဲက မြို့တွေကိုလည်း လေကြောင်းက တစ်ဖုံ၊ မြေပြင်က တစ်မျိုး မနားတမ်း ထိုးစစ်ဆင်နေပါတယ်။ တော်လှန်ရေးတပ်တွေ သိမ်းယူထားခဲ့တဲ့အင်းတော်၊ မော်လူးမြို့တွေကို ဧပြီနဲ့မေလတွေမှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်က ကြေညာခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း အတွင်းပိုင်းဒေသတွေဖြစ်တဲ့ ရွှေဘိုခရိုင်နဲ့ ယင်းမာပင်ခရိုင်ထဲက မြို့ရွာတွေကိုလည်း ထိုးစစ်အရှိန်မြှင့်နေသလို အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကိုင်းဒေသ၊ ကလေးကဘော် ချိုင့်ဝှမ်းဒေသ၊ ခမ်းပတ်၊ တမူးမြို့တွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကိုင်းတိုင်းတွင်းက တရုတ်စီမံကိန်းတွေနဲ့ဆက်စပ်ဒေသတွေနဲ့ အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းပိုင်းတွေကို အဓိက ထိုးစစ်တွေလုပ်ဆောင်နေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ဖို့နဲ့ ခြေကုပ်နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမယ်လို့ ယူဆကြပါတယ်။ စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်သစ်လက်ထက် ကျင့်သုံးနေတဲ့ စစ်ရေးဗျူဟာ အလှည့်အပြောင်းတွေက ဘာလဲ။ စစ်ကိုင်းတိုင်းက ထိုးစစ်တွေအကြောင်းကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်သလို စစ်ကိုင်းအညာ- အခြေစိုက် နိုင်ငံရေးလေ့လာသူ - ကိုစိုးဝင်းဆွေနဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးတို့ကို သီးခြားစီ တွေ့ဆုံမေးမြန်းထားပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #စစ်ကိုင်းထိုးစစ် #အင်းတော် #မော်လူး #စစ်ကိုင်း-ကချင်စစ်ရေး #စစ်ဗျူဟာ #ကာကွယ်ရေးဦးစီးချုပ်သစ်

တရားဝင်လုပ်သားတွေရဲ့ ပြည်ဝင်ထွက်ခွင့်အခက်အခဲ: (သို့) OWIC ပေးတဲ့ သောက Episode: 396 13 Jun 2026

“ဒီက ဂျပန်တွေကို ငါတို့နိုင်ငံပြန်ဖို့အတွက် ငါ့ကို ခွင့်စာပေးပါလို့ ပြောတဲ့အခါကျတော့ သူတို့ကလည်း ကိုယ့်နိုင်ငံပြန်တာကို ဒီခွင့်စာ လိုအပ်လားလို့မေးတယ်။” အထောက်အထားအပြည့်အစုံနဲ့ ကိုယ်မွေးဖွားရာတိုင်းပြည်ကိုပြန်ဖို့ အခက်ကြုံဖူးပါသလား။ ပြည်ပမှာတရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လက်ရှိမှာ မြန်မာပြည်ပြန်ဖို့ရာ အခက်ကြုံနေရပါတယ်။ ပြည်ပရောက်လုပ်သားတွေ လုပ်ငန်းခွင်က ခွင့်ရရှိတဲ့အခါ အလည်အပတ် ဒါမှမဟုတ် အရေးပေါ် မိသားစုကိစ္စ စတာတွေအတွက် မြန်မာပြည်ကို ခေတ္တ ပြန်လာလေ့ ရှိပါတယ်။ အဲဒီလို ပြန်လာကြသူတွေ ခွင့်ရက်စေ့တဲ့အခါ မြန်မာပြည်က ပြန်လည် ထွက်ခွါခွင့် မရလို့ လနဲ့ ချီ ပိတ်မိနေကြပြီး အလုပ်အကိုင် ဆုံးရှုံးရသူတွေတောင် ရှိနေပါပြီ။ ဒီတစ်ပတ်မှာတော့ ပြည်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရထားတဲ့ အလုပ်သမားတွေရဲ့ ပြည်ဝင်ထွက်ခွင့် အခက်အခဲတွေနဲ့ OWIC ကတ်က ပေးတဲ့ သူတို့သောကတွေကို တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #OWICကတ် #ရွှေ့ပြောင်းမြန်မာအလုပ်သမားများ #အလုပ်သမားအခွင့်အရေး

Anyar’s ashes: Victims of village burnings grow weary of displacement Episode: 395 06 Jun 2026

Myanmar’s central Dry Zone, also known as Anyar, has borne the brunt of the military regime’s widespread practice of burning villages and destroying food sources, a campaign that locals in Sagaing Region say is aimed at weakening people’s resilience and reducing support for the resistance. #DohAthan #FrontierMyanmar #Sagaing #Anyar #burninghome #military #ArmedResistance

အညာမြေ ပြာပုံထက်မှ ဖီးနစ်ဌက်တို့ မောလှပြီ Episode: 395 02 Jun 2026

"စိတ်မကောင်းဘူးပေါ့ဗျာ။ ဟိုပြာပုံထဲက ဖီးနစ်ငှက်တို့ ဘာတို့ ကျွန်တော်တို့ တင်စားတာပေါ့။တကယ်တော့ ကျွန်တော်တို့ဖီးနစ်ငှက်ကလည်း တော်တော်ပင်ပန်းနေပြီလို့တောင် ပြောလို့ရပါတယ်။ အဲဒီလို အခင်းအကျင်းပေါ့နော်။" ၂၀၂၆ ဧပြီလလယ်မှာ အသွင်ပြောင်းစစ်အစိုးရက ရက် ၁၀၀ စီမံချက် ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နင်းဖို့နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေ ပြန်လည်စိုးမိုးရေး အတွက် စစ်တပ်က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်ရာမှာ အညာဒေသက ကျေးရွာပေါင်း ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အတိုက်အခံအစိုးရအဖွဲ့ဖြစ်တဲ့ NUG က ထုတ်ပြန်ပါတယ်။ Data for Myanmar က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ အိမ်ခြေ ၈၀၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။သူတို့ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရပြီး နှစ်ရှည်လများ တည်ဆောက်ထားခဲ့ရတဲ့ ဘဝတွေ ပျက်ဆီးခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေရဲ့ ခံနိုင်ရည်နဲ့ တော်လှန်ရေးအပေါ် ထောက်ခံစိတ်ကို စနစ်တကျ ဖြိုခွဲဖို့ ရည်ရွယ်နေတယ်လို့ ဒီဆောင်းပါးအတွက် ဒို့အသံက တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ပွဲနှစ်ကြာလာချိန်မှာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေရပြီး ကျပ်တည်းမှုတွေကြားက ဒေသခံတွေရဲ့ တော်လှန်ရေးနဲ့ ရှင်သန်ရေးအကြား လွန်ဆွဲနေရတဲ့ အခြေအနေကို ဒီတပတ်မှာ ဒို့အသံအစီအစဉ်မှာ နားဆင်ရမှာပါ။

Growing crisis: Few alternatives for Shan opium farmers Episode: 394 23 May 2026

As demand for opium drops, farmers in Shan State are finding the harvests to be less profitable than they once were, but they also face challenges growing and selling alternative crops.

နည်းပညာဖိနှိပ်မှုများကြားက တော်လှန်ပြည်သူများ Episode: 393 19 May 2026

မြန်မာစစ်အာဏာရှင်ဟာ လူထုကို အင်အားသုံးပြီး ဖိနှိပ်ရုံသာမက နည်းပညာစောင်ကြည့်မှုနဲ့ ထိန်းချုပ်မှုတွေကို ပိုမိုလုပ်ဆောင် လာနေပါတယ်။ SIM ကဒ်ကို အသုံးပြုပြီးစောင်ကြည့်တာ၊ CCTVတွေမှာ မျက်နှာကိုမှတ်မိတဲ့စနစ်တွေကို အသုံးပြုတာ ၊ အင်တာနက်ပိတ်ဆို့တာ အစရှိတဲ့ နည်းပညာတွေအသုံးပြုပြီး ပြည်သူတွေကို အသံတိတ်အောင်လုပ်နေပါတယ်။ အဲဒီလို ပြုလုပ်နေတဲ့ ကြားကပဲ တက်ကြွလှုပ်ရှားသူတွေနဲ့ပြည်သူတွေဟာ နည်းလမ်းပေါင်းစုံ ရှာဖွေပြီး တွန်းလှန်နေကြဆဲပါ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စစ်ကော်မရှင်က ဘယ်လိုနည်းပညာတွေကိုအသုံးပြုပြီး ပြည်သူတွေကို ဖိနှိပ်နေသလဲ၊ အဲဒီအခြေအနေတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။

Surveillance State: Myanmar's Digital War Episode :393 16 May 2026

A brutal digital crackdown is underway in Myanmar. The junta tracks SIMs, scans faces, and bans VPNs—turning technology into a weapon of total control. Yet resistance persists in the shadows. Welcome to Doh Athan. This week: surveillance, fear, and defiance in Myanmar's digital war.

ရှမ်းတောင်က ဘိန်းစိုက်တောင်သူတွေရဲ့ အကျပ်အတည်း 08 May 2026

“အခုနောက်ပိုင်းမှာကျ ဘိန်းတွေက ဈေးမရှိတာက တစ်မျိုး၊ သွင်းအား (ဓာတ်မြေဩဇာ)က ဈေး တအားကြီးတာကတစ်မျိုး၊ နောက်ပြီးတော့ ဘိန်းကတရားမဝင်ဘူးလေ။ တရားမဝင်တော့ ရောင်းရတဲ့အချိန်ကျတော့ အခက်အခဲတွေ့တယ်။” ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ ဆက်လက်ရှိနေပေမဲ့ အရင်ကလောက် ဝင်ငွေမကောင်းတော့ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် ဘိန်းတောင်သူတွေက အစားထိုးသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံလုံးဆိုင်ရာ ဘိန်းပပျောက်ရေးမူဝါဒ အားနည်းမှုတွေအပြင် နိုင်ငံတကာရဲ့ အကူအညီတွေကလည်း ကင်းမဲ့တာမို့ သူတို့ကြိုးစားမှုတွေက အရာမထင်နေပါဘူး။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်တောင်ပိုင်း တောင်ကြားလွင်ပြင်ထဲက ဘိန်းစိုက်ခင်းတွေဆီကို ခေါ်ဆောင်သွားမှာပါ။

ပတ်စ်ပို့ဥပဒေသစ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ 07 Apr 2026

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ဥပဒေသစ်မှာ အခန်း ၈ ခန်း ပါဝင်ပြီး ဒီဥပဒေသစ်မှာ အီလက်ထရောနစ်ပတ်စ်ပို့စနစ်သစ်အပါအဝင် ပတ်စ်ပို့အသစ် ပြုလုပ်တာနဲ့ သက်တမ်းတိုးတာတွေ လုပ်ဆောင်ရာမှာ တင်းကြပ်ထားတဲ့ ကန့်သတ်ချက်တွေ ပါဝင်လာပါတယ်။ ဥပဒေသစ်ရဲ့ဆိုလိုရင်းက ဘာတွေလဲ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင်၊ ရွေ့ပြောင်းမြန်မာလုပ်သား တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူနဲ့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ် တို့ရဲ့ ပြောပြချက်တွေကို ဒီတစ်ပတ်ရဲ့ ဒို့အသံပေါ့ကတ်မှာ တင်ဆက်ထားပါတယ်။

Women targeted in Myanmar: Gender-based violence in the digital age Episode: 392 27 Mar 2026

Have you ever felt uncomfortable because of a message or comment on your phone? While criticism and insults are common on social media—through platforms or messaging apps—when they are used to threaten, taunt, or harm, it goes further. This is a form of technology-based violence that is both intimidating and psychologically damaging.

ဒီဂျစ်တယ်အမှောင်ရိပ်အောက် အကြမ်းဖက်ခြောက်လှန့်ခံ အမျိုးသမီးများ Episode: 392 18 Mar 2026

ဖုန်းစခရင်ပေါ်က စာတို ဒါမှမဟုတ် ကွန်မန့်တခုက ကိုယ့်ကို စိတ်အဆင်မပြေစေအောင် ခြောက်လှန့်ခံရတာမျိုး ကြုံခဲ့ကြဖူးလား? ဝေဖန်မှုနဲ့ ဆဲဆိုမှုတွေက လူပေါင်းစုံ ရှိကြတဲ့ ဆိုရှယ်မီဒီယာရဲ့ ပုံမှန် သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နည်းပညာ၊ ဆိုရှယ်မီဒီယာပလက်ဖောင်း၊ စာပေးပို့တဲ့ apps တစ်ခုခုကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ထပ်ခါတလဲလဲ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ ထိခိုက်စေအောင် ပြုမူတာ စတာတွေက ဝေဖန်မှုတခုထက် ပိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်ပေါ်စေတဲ့ နည်းပညာအခြေပြု အကြမ်းဖက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီတစ်ပတ် ဒို့အသံ podcast မှာ ဒီအကြမ်းဖက်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ အမျိုးသမီးဦး‌ဆောင်သူတွေအကြောင်း တင်ဆက်ထားပါတယ်။

မရှောင်လွှဲနိုင်တဲ့ စစ်ဘေးရှောင်စခန်းတွေက အရေပြားဝေဒနာ 11 Mar 2026

“နောက်ဆုံးကျတော်တောင်မှ ဖြစ်ခဲ့ဖူးတာဆိုတော့လေ။ ဗုံးကြဲခံရတော့ တောထဲမှာပဲနေရတော့ ရွှံ့ရောင်ရေလည်း မျက်စိမှိတ်ပြီးတော့ သုံးရတယ်။ ချိုးရတယ်။ ကျတော်ကိုယ်တိုင်လည်း ပွေးရော၊ ဝဲရော ညှင်းလည်း ပေါက်တယ်” စစ်မီးတောက်လောင်နေတဲ့ ပဋိပက္ခဇုန်တွေမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ဘေး၊ အငတ်ဘေးက စလို့ ဒုက္ခများစွာ ရှိပါတယ်။ ဒီလို ဒုက္ခများစွာထဲကမှ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြားရောဂါဟာ တစ်ခုအပါအဝင်ပါ။ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်ကိုယ်တိုင်တောင် ဒီဝေဒနာကို ပြေးမလွှတ်နိုင်ခဲ့ပါဘူး။ နေ့စဥ် အသက်ရှင်သန်နိုင်ဖို့၊ စားစရာ ရရှိနိုင်ဖို့ ကြိုးစားနေရတဲ့ အပြင် ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ စစ်ဘေးရှောင်ပြည်သူတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုတွေ ရှိနေပါသလဲ။ Podcastအပြည့်စုံကို နားဆင်နိုင်ပါပြီ။ #အရေပြားရောဂါ #စစ်ဘေးရှောင်စခန်း #စစ်ကိုင်းတိုင်း #ကရင်နီ #ရခိုင် #dohathan #frontier

“စေတနာ့ဝန်ထမ်းဆေးတပ်သား နှင်းယုလှိုင်” အာဏာရှင်ကို ဆေးအိတ်ကိုင်၍ တော်လှန်သည်။ 08 Mar 2026

“ဖြစ်ချင်တဲ့ဆန္ဒဆိုရင် ညီမက ကျောင်းသူ ဖြစ်လို့ ကျောင်းလေးပြီးအောင် တက်ချင်တယ်။ မိဘတွေကိုလည်း ဘွဲ့လေးတစ်ခုလောက်ရအောင် ယူပေးချင်တယ်။ နောက်ဖြစ်နိုင်မယ်ဆိုရင် တကယ်လို့များ တော်လှန်ရေးများပြီးသွားခဲ့သည်ရှိသော် ဒီဆေးရုံက ဆက်လက်တည်တံ့နေမယ်ဆိုရင် ဒီဆေးရုံလေးမှာပဲ ဆက်လက်ပြီးတော့ ကိုယ်တတ်နိုင်သလောက်လုပ်ပေးချင်ပါသေးတယ်” မတ်လ ၈ နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းရဲ့စစ်မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီးဆေးတပ်သားတစ်ဦးရဲ့ အတွေ့အကြုံတွေနဲ့ မျှော်လင့်ချက်အကြောင်းကို တင်ဆက်ပေးသွားပါမယ်။

'လူမျိုးတုန်းသတ်ဖြတ်မှု' တရားကြားနာပွဲ 11 Feb 2026

“ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုက ဒီလိုမျိုး နိုင်ငံတကာဥပဒေ၊ ဆုံးဖြတ်ချက်တွေကို လိုက်နာတဲ့သဘောသဘာ၀လည်း မရှိဘူး" (ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူဒေါ်ဝေဝေနု) ဒီတစ်ပတ်မှာတော့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကြားနာပွဲကနေ ထွက်ပေါ်လာတဲ့ အဓိက အချက်အလက်တွေနဲ့ ထူးခြားချက်တွေကို လေ့လာတင်ဆက်သွားမှာပါ။ Podcast အပြည့်အစုံကိုနားဆင်နိုင်ပါပြီ။ #ဒို့အသံ #လူ့အခွင့်အရေး #ICJ #တရားမျှတမှု #ရိုဟင်ဂျာ #လူမျိုးတုန်းသတ်ဖြတ်မှု

ကျန်းမာရေးဝန်ဆောင်မှု ဆုတ်ယုတ်လာသော ပြည်သူ့ဆေးရုံများ Episode :389 18 Dec 2025

“ဆေးတွေ ဝယ်ခိုင်းတော့ အိမ်ကသမီးက ခွဲခန်းရှေ့မှာပဲ ထိုင်ငိုနေရတယ်။ မရှိလို့ ဆေးရုံလာတက်ပါတယ်ဆိုမှ အပ်က အစဝယ်ခိုင်းတယ်’’ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးရုံတွေဟာ အသက်တမျှအရေးကြီးတဲ့ ဆေးဝါးနဲ့ ‌ဆေးရုံသုံး ဆက်စပ်ပစ္စည်းတွေ အပါအဝင် ဝန်ထမ်းအင်အားပြတ်လပ်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အဲဒီအကျိုးဆက်ဟာ ကျန်းမာရေးပြဿနာကို ငွေကုန်ကြေးကျ အနည်းဆုံးနဲ့ ဖြေရှင်းဖို့လိုအပ်နေတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။ Podcast အပြည့်အစုံကို ဝင်ရောက်နားဆင်နိုင်ပါတယ်။ #ပြည်သူ့ဆေးရုံ #ဆေး၀ါးပြတ်လတ်မှု #CDM #ကျန်းမာရေး #လူ့အခွင့်အရေး #ဒို့အသံ

Myanmar Junta takes autocratic approach to its ‘free and fair ‘ election Episode :388 11 Dec 2025

Myanmar’s military regime claims its upcoming election, starting on December 28, will be free and fair, and will lead to peace and democracy, but it is contradicting these assurances by arresting people who criticise the poll. This episode commemorates Human Rights Day on December 10. Article 19 of the Universal Declaration of Human Rights guarantees everyone the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

စစ်အာဏာရှင်ရွေးကောက်ပွဲအောက် စောင့်ကြည့် ဖိနှိပ်ခံ ပြည်သူများ Episode :388 09 Dec 2025

“အခုလုပ်မယ့် ရွေးကောက်ပွဲက ဒီမိုကရေစီရွေးကောက်ပွဲဆိုပြီး သူတို့ ပြောနေတာတွေ ရှိတယ်။ အခုက ဒီမိုကရေစီကို ချီတက်တဲ့ပုံစံ မဟုတ်ဘူး။ အဲဒီအခြေအနေကိုလည်း မရောက်နိုင်ဘူး” ဒီတစ်ပတ်မှာတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတဲ့ ဒီမိုကရေစီရွေးကောက်ပွဲလို့ စစ်ကော်မရှင်ကပြောနေပေမဲ့ တစ်ဖက်မှာလည်း ပြောကြားချက်တွေနဲ့ ဆန့်ကျင်ပြီး ပြည်သူတွေကို စောင့်ကြည့်ဖမ်းဆီးနေပါတယ်။ ဒီဆောင်းပါးမှာဖမ်းဆီးခံရသူရဲ့ ခံစားချက်တွေကိုလည်း နားထောင်ရမှာပါ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နဲ့ လွတ်လပ်စွာ ဖွင့်ဟပြောပြနိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးတွေထဲမှာ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆခွင့်ရှိတယ်လို့ ပါပါတယ်။ ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဆောင်းပါးကို ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။ #ရွေးကောက်ပွဲ #လွတ်လပ်စွာပြောဆိုခွင့် #လူ့အခွင့်အရေး #ဒို့အသံ

War, deforestation increase impact of heavy rains Episode :387 09 Dec 2025

Unusually heavy monsoon rains have hit Myanmar’s central Dry Zone for the past two years, causing crop-damaging floods that have been made worse by deforestation and effects of the post-coup civil war. This episode commemorates World Soil Day on December 5.

ရေကြီးရေလျှံခြင်းရဲ့နောက်ကွယ်က ပြည်တွင်းစစ်နဲ့ တောပြုန်းမှုပြဿနာ Episode :387 05 Dec 2025

“တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ဝိသမလောဘသမားတွေ အတွက် တံခါးမရှိ ဓားမရှိ ဖြစ်နေတာပါ။" ဒီတစ်ပတ်မှာတော့ ရေကြီးရေလျှံမှု နောက်ကွယ်က သဘာ၀ပတ်ဝန်းကျင်ပြဿနာ အကြောင်းတွေကို တင်ဆက်ပေးမှာပါ။ ဒီ podcast ဟာ ယနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့မြေဆီလွှာနေ့ အထိမ်းအမှတ်အဖြစ် ထုတ်လွှင့်တင်ဆက်တာ ဖြစ်ပါတယ်။

Military raids cause cycles of displacement 18 Nov 2025

Villages in some areas of Magway and Sagaing regions are subject to repeated raids by junta troops, forcing residents to flee at a moment’s notice or face death, while belongings and homes that are left behind are looted and burned to the ground. This story is covered by freelancer esther J.

ဘဝပုံစံသစ်နဲ့စစ်တွင်းကာလအညာဒေသ Episode :386 15 Nov 2025

“စစ်ကြောင်းလာပြီဆို အများကြီးပဲ တစ်ကျွန်းလုံး ပတ်ပြေးနေရတာ။ ဒီရွာဝင်ပြီဆို ဒီရွာကလူတွေ ဟိုဘက်ပြေး အဲလို တစ်ကျွန်းလုံး ပတ်ချာလှည့်ပြီး ပြေးရတာ” ဒီတစ်ပတ်မှာတော့ အာဏာသိမ်းပြီးနောက် အညာဒေသကစစ်ဘေးရှောင်တွေနေထိုင်နေရတဲ့ ဘ၀နေထိုင်နည်းသစ်တွေဆီကို ခေါ်ဆောင်သွားမှာပါ။

Conscription threat drives rise in early marriages Episode :385 27 Oct 2025

With reports spreading the women’s names are now being collected for conscription in Myanmar, increasing numbers of young girls are getting married, with their parent’s blessing, as a means to shield themselves from the draft.

စစ်မှုထမ်းရှောင်ဖို့ အရွယ်မတိုင်မီ လက်ထပ်မှုများလာ Episode :385 25 Oct 2025

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူဖို့ အမည်စာရင်းကောက်ယူနေကြတယ်လို့ သတင်းတွေပြန့်နှံ့လာတာနဲ့အမျှ ဒီကိစ္စကိုရှောင်ရှားဖို့ အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်အများစုက မိဘခွင့်ပြုချက်နဲ့ လက်ထက်ထိမ်းမြားခြင်းကို ဒိုင်းသဖွယ်ပြုလုပ်လာကြပါတယ်။ ဒီလိုနည်းလမ်းကိုလုပ်ဆောင်နေတဲ့ အမျိုးသမီးငယ်အရေအတွက်ဟာလည်းမြင့်တက်လာနေပါတယ်။ ဒီဆောင်းပါးကို ဒို့အသံအလွတ်တန်းသတင်းထောက်ခင်နှင်းဖြူစိုးကရေးသားထားပါတယ်။

Women in central Myanmar struggle with low wages Episode :384 13 Oct 2025

Security concerns in the midst of the post-coup civil war have made it difficult for women in Myanmar’s central plains to travel outside of their villages for jobs, while those who do work face pay gaps between what they earn and the much higher wages men earn for similar work.

အညာအမျိုးသမီးများရဲ့ လုပ်ခလစာ ကွာဟမှုပြဿနာ Episode:384 11 Oct 2025

အာဏာသိမ်းပြီးနောက် ပြည်တွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နိုင်ငံရဲ့အလယ်ပိုင်း အညာဒေသကအမျိုးသမီးတွေဟာ သူတို့ရဲ့ရွာပြင်ပမှာ အလုပ်ထွက်လုပ်ဖို့ ခက်ခဲလာကြပါတယ်။ ဒါ့အပြင် ကျေးရွာအတွင်းမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတွေဟာလည်း လုပ်ငန်းခွင်တူသည့် တိုင်အောင် အမျိုးသားတွေထက် လုပ်အားခလျော့ရကြပြီး စားဝတ်နေရေးအတွက် လုံလောက်မှုမရှိနေပါဘူး။ ဒီဆောင်းပါးကို ဒို့အသံအလွတ်တန်းသတင်းထောက် Esther J က ရေးသားထားပါတယ်။

လူသုံးကုန်ပြတ်လပ်ခြင်းပြဿနာ သတင်းထောက်မှတ်တမ်း 04 Oct 2025

အာဏာသိမ်းပြီးနောက် စီးပွားရေးသတင်းတွေကိုရေးသားတဲ့အခါမှာ အင်တာဗျူးတွေ၊ အချက်လက်တွေရရှိဖို့ကခက်ခဲပါတယ်။ ဒီတစ်ပတ်မှာတော့ ကုန်သွယ်ပြဿနာများကြားက လူသုံးကုန်ပြတ်လပ်မှု ဆောင်းပါးကိုရေးသားထားတဲ့သတင်းထောက်ရဲ့ ဆောင်းပါးနောက်ကွယ်က အတွေ့အကြုံတွေကိုနားဆင်ရမှာပါ။

The cost of trade or Myanmar's economic struggle amid shortages and soaring prices Episode :383 29 Sep 2025

Myanmar is facing severe economic challenges, with commodity prices surging and shortages occurring due to the junta's closure of border crossings and air freight restrictions. Ordinary citizens and small-scale traders are struggling with rising costs and dwindling supplies.

ကုန်သွယ်ပြဿနာများကြားက လူသုံးကုန်ပြတ်လပ်မှု Episode :383 27 Sep 2025

စစ်ကော်မရှင်က နယ်စပ်နဲ့ လေကြောင်းကုန်စည်ပို့ဆောင်မှုတွေကိုစိစစ်ကန့်သတ်မှုတွေကြောင့် ပြည်တွင်းမှာ ကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့ကုန်ပစ္စည်းပြတ်လတ်မှုတွေကြုံတွေ့နေရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ပြည်သူတွေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်တွေဟာ ရှိတဲ့ပစ္စည်းအနည်းငယ်ကိုပဲ ဈေးကြီးကြီးပေးဝယ် သုံးစွဲနေကြရပါတယ်။ ဒီဆောင်းပါးကို Frontier Myanmar ကသတင်းထောက်ကရေးသားထားပါတယ်။

နယ်စပ်ဒုက္ခသည်စခန်းမှာ တစ်နေ့တာ သတင်းထောက်မှတ်စု 20 Sep 2025

ပြီးခဲ့တဲ့ဩဂုတ်လတတိယပတ်အတွင်းက ထိုင်း-မြန်မာနယ်စပ် လွတ်လပ်တဲ့တောင်တန်းတွေ ပေါ်မှာရှိတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းကို ဒို့အသံသတင်းထောက်က သွားခဲ့ပါတယ်။ ဒီ Podcast မှာတော့ သတင်းထောက်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ စခန်းတွင်းက ဒုက္ခသည်တွေရဲ့ စိတ်ဒဏ်ရာအခြေနေတွေကိုပြောပြသွားမှာပါ။

Refugees in limbo battle depression Episode :382 15 Sep 2025

Myanmar nationals who have spent years in refugee camps in Thailand awaiting resettlement in the United States now face increased depression and other mental health issues since US President Donald Trump halted his country’s refugee programs. This week’s story is by a Doh Athan journalist.

လွတ်လပ်တဲ့တောင်တန်းတွေကြားမှာ စိတ်ကျဉ်းကျခံရသူများ Episode :382 14 Sep 2025

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဒုက္ခသည်ခေါ်ယူရေးအစီအစဉ်ကိုရပ်နားလိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွေမှာ နှစ်အတော်ကြာနေထိုင်နေကြသူတွေဟာ စိတ်ကျရောဂါနဲ့အခြားစိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပွားမှုတွေ ပိုမိုများပြားလာနေပါတယ်။ ဒီတစ်ပတ်ဆောင်းပါးကို ဒို့အသံသတင်းထောက်တစ်ဦးကရေးသားထားပါတယ်။

ဆောင်းပါးနောက်ကွယ်က သတင်းထောက် ဒို်င်ယာရီ 06 Sep 2025

ဒီတစ်ပတ်မှာတော့ အိုးတိန်တွင်းလေကြောင်းတိုက်ခိုက်ခံရမှုသုံးလအကြာဆောင်းပါးကို ရေးသားထားတဲ့ သတင်းထောက်က မြေပြင်မှာကြုံတွေ့ရတဲ့အခြေတွေကို တင်ဆက်ပေးသွားမှာပါ။

Regime airstrike on school leaves trauma in its wake Episode :381 01 Sep 2025

On May 12 the junta conducted an airstrike on a school in Oh Tein Twin village in Sagaing Region, killing more than 20 students and leaving the survivors, many of whom suffered severe injuries, to deal with lingering psychological and physical trauma. This week's story is by Doh Athan freelancer Esther J.

ကျောင်းဝင်းတိုက်ခိုက်ခံရမှုနောက်ဖြေမဆည်နိုင်သောစိတ်ဒဏ်ရာများ Episode :381 30 Aug 2025

မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊အိုးတိန်တွင်းရွာက စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်မှုကြောင့် ကျောင်းသား ၂၀ ကျော် သေဆုံးခဲ့ပြီး အများအပြားလည်းပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ အသက်ရှင်ကျန်ရစ်တဲ့ သူတွေကလည်း စိတ်ပိုင်းဆိုင်ရာ နဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ပြင်းထန်စွာခံစားနေရဆဲပါ။ ဒီဆောင်းပါးကို Esther J က ရေးသားထားပါတယ်။